ဟနွိုင်းပြည်သူတွေနှင့် ပန်းချီဆရာများဟာ နိုင်ငံမှာရှိတဲ့ (ink-and-wash) ပန်းချီကား(၇၁) ကားနဲ့မြို့တော်ရဲ့ထောင်စုနှစ် နှစ်ပတ်လည်အထိမ်းအမှတ်အဖြစ် သာမန်ပြည်သူများအတွက် ရည်ရွယ်တဲ့ ပန်းချီပြပွဲ တစ်ရပ်ကို ကျင်းပ မယ်လို့ သိရှိရပါတယ်။ပန်းချီဆရာ တုယောင်ဟန်မိုင်း(Throng Han Minh) ဟာ သူချစ်မြတ်နိုးတဲ့ နိုင်ငံရဲ့ နယ်မြေဒေသရှုခင်းများ၊ရွာသူရွာသားများ၏ ဓလေ့စရိုက်များ၊စိတ်ဝင်စားစရာများနှင့် ပြည့်နှက်နေတဲ့ ဟနွိုင်း မြို့တော်ရဲ့နေရာတော်တော်များများကို သရုပ်ဖော်ထားတဲ့ ပန်းချီကားများကို ဖော်ပြရေးဆွဲ ထားတယ်လို့ သိရှိရပါတယ်။ပြီးတော့ ကဗျာဆရာ အန်ကယ်ဟိုး(Uncle Ho)၏ ကဗျာများကို သရုပ်ဖော်ထားတဲ့ (ink-and-wash) ပန်းချီကားများကို လည်း ပြသထားပါတယ်။ ၁၉၅၁ ခုနှစ် မှာ မွေးဖွားတဲ့ ပန်းချီဆရာ တူယောင်းဟန်မိုင်း(Throng Han Minh)ဟာ မလေးရှား ၊ပြင်သစ်၊အမေရိကန်၊တရုတ်၊ဂျပန်၊သြစတြေးလျနဲ့လာအို အစရှိသော နိုင်ငံခြားတိုင်းပြည်တွေနှင့် ဗီယက်နမ် ပြည်တွင်းမှာပါ ပန်းချီပြပွဲပေါင်း (၅၀)ကျော်လောက်ကို ပြုလုပ်ခဲ့ပြီးပြီလို့ သိရပါတယ်။ပြပွဲဟာ ၂၀၁၀၊ဇူလိုင်(၁၃)ရက်နေ့အထိ လို့ သိရှိရပါတယ်။ပန်းချီပြပွဲ ကျင်းပမယ့် နေရာကတော့ Nguyen Thai Hoc(ငုယင်ထိုင်း ဟော့)လမ်း၊အမှတ်(၆၆)မှာ ရှိတဲ့ Vietnam Fine Art Museum မှာ ကျင်းပမှာ ဖြစ်ကြောင်း သတင်းရရှိပါတယ်။ပန်းချီဆရာ တူယောင်းဟန်မိုင်းဟာ ပြပွဲမှ ရရှိသော ငွေကြေးမှ တစ်ဝက်ကို Vietnam Fatherland Front ၏ငွေကြေး ရန်ပုံငွေ အဖွဲ့သို့ သာမန်ပြည်သူများအတွက် ရည်ရွယ်ပြီး မတည် လှူဒါန်းမယ်လို့ မုဒိတာ ပွားဖွယ်သိရှိရပါတယ်။
ink-and-washဖြင့် ပန်းချီဆွဲခြင်းကို တရုတ်နိုင်ငံမှ စတင်ခဲ့တယ်လို့ သိရှိရပါတယ်။ထို ink-and-wash ထဲတွင် ရေဆေး ပန်းချီ(Water Colour)နဲ့၊ကြက်ဥအကာရောရသော ရေဆေး(Tempera)လို့ ခေါ်တဲ့ နည်း ပညာ နှစ်မျိုးနဲ့ ပေါင်းစပ်ထားတာ ဖြစ်ပြီး လိုချင်တဲ့ Effect ကိုရအောင် ဖန်တီးရေးဆွဲအသုံးပြုလို့ရတယ်လို့ သိရှိရပါတယ်။ထို့ကြောင့် မြန်မာနိုင်ငံမှ စိတ်ဝင်စားသူများ၊ပန်းချီကိုချစ်သော ပြည်သူများ မုဒိတာပွားများနိုင်စေရန်နှင့် မြန်မာ ပန်းချီဆရာများ အားကျအတုယူနိုင်စေရန် စုစည်း တင်ပြပေးလိုက်ရပါသည်။ |